10 January, 2012

Gtalk Chatting သမားများအတွက် Gmail လိပ်စာများ

Gtalk Chatting သမားများအတွက် Gmail လိပ်စာလေးတွေပါ 

သူငယ်ချင်းတစ်ယောက်ကတွေ့တိုင်း သူ့မှာချက်ဖို့သူငယ်ချင်းမရှိလို့ 

အကိုအထဲကသူငယ်ချင်းတွေ ပေးပါဦး ပေးပါဦးနဲ့အမြဲတောင်းတယ်လေ 

နောက်တစ်ခုကအင်တာနက်ဆိုင်မှာတစ်ခါကြုံဖူးတယ်


ရှေ့ကလူသုံးသွားလို့ ပိတ်ဖို့ကျန်ခဲ့တဲ့ Gtalk ကနာမည်တွေကို စာရွက်နဲ့သေချာကို လိုက်ကူးနေတာမြင်လို့ မေးကြည့်လိုက်တာ.." ခုမှ Gtalk account လေးဖွင့်ထားတာ သူငယ်ချင်းမရှိလို့ပါ " တဲ့...အစ်ကို့ထဲက သူငယ်ချင်း တွေလဲ ပေးအုံးလေတဲ့။ဟောတောင်းပြန်ပြီ
အထူးသဖြင့် မိန်းကလေးတွေများပါတယ်။ သူတို့အချင်းချင်းလဲ ကိုယ့်အကောင့်ထဲကဟာတွေကို မပေးချင်ကြဘူး။ နောက်ပြီး နေ့တိုင်းနီး ပါးလောက် ရင်ဆိုင်နေရတဲ့ဒုက္ခကလဲရှိသေးတယ်ဗျ။ ကိုကျော်ကျော်ရေကျွန်တော့်အတွက် ပွားလို့ကောင်းတာလေး မျှပါအုံးတဲ့.....ရန်ကုန်ကညီလေးတစ်ယောက်ကမေးပြန်ကော
ကျွန်တော့်ကိုများ Gtalk အော်ပရေတာမှတ်နေလားမသိပါဘူးဗျာ..:P မရှိပါဘူးလို့ ပြန်ပြောတော့လဲ...ဒါလေးတောင်မပေးချင်ဘူးလား..ဆိုပြီး ဘုခံရသေးတယ်ဗျ။
အဲလိုဒုက္ခတွေက ကင်းလွှတ်အောင်လို့ connection မကောင်းတဲ့ကြားက online တစ်ခွင် ဗြဲဗြဲစင်အောင် မွှေနှောက်ရှာဖွေလိုက်တော့ noaccessdenied.weebly.com ကနေ အခု မှတ်စုလေးကို တွေ့ခဲ့လို့ ပြန်လည်ဝေမျှလိုက်ပါတယ်.......
ကျွန်တော့်လို အကောင့်တောင်းခံရရင်တော့ ဒါလေးကိုညွှန်ပေးလိုက်တာပေါ့ဗျာ....လိပ်စာပေါင်း 2000 ကျော်တောင်ရှိလို့...ကြိုက်တာ ရွေးပြီး invite (အတ်) လိုက်ရုံပဲလေ....ဟိုဖက်က ပြန်လက်ခံတာ..မခံတာကတော့ ဘယ်တတ် နိုင်မလဲနော့....ကံကောင်းရင်တော့...ကြင်ယာဖက်တောင်ရသွားနိုင်သလို...ကံဆိုးရင်တော့ဖြင့် Block စာရင်းထဲ တန်းခနဲ ပါသွားနိုင်တယ်နော်....ကဲ.....အောက်မှာကြည့်လိုက်ပါတော့ဗျာ.....(ကိုယ်နဲ့သိပြီးသားတောင်ပါချင်ပါနေမှာနော်...ကိုယ့်အကောင့် လဲ ပါမပါ..သေချာစစ်ကြည့်ဦး..:P )




Mail Address Book 

1 comment:

  1. ကိုကျော်ကျော်ချို ရေ ကျေးဇူးတင်ပါတယ်နော်

    ReplyDelete

သင်ရေးလိုက်တဲ့ စာတစ်ကြောင်းဟာ စာရေးသူအတွက်အားဆေးပါ