ကျွန်တော်အခုတင်ပြမဲ့ နည်းလေးတစ်ခုကတော့ ဆိုဒ်အသီးသီးကလာတဲ့မေးတွေကို Inbox ထဲမှာမရောက်စေ ပဲ label လေးနဲ့သီးသန့်ခွဲထားကြည့်တဲ့နည်းပါ သိပြီးသား လုပ်ထားပီးသားဆိုရင်တော့ sorry ပါဗျားနော် မသိသေးတဲ့ မလုပ်ရသေးတဲ့သူငယ်ချင်းတွေလည်းအဆင်ပြေသွားအောင်တင်ပေးလိုက်ခြင်းဖြစ်ပါတယ် ...နည်းကတော့ မခက်ပါဘူး ဒီလိုပါခင်ဗျား ...... အရင်ဦးဆုံး gmail ကို sign အရင်ဝင်လိုက်ပါ ပြီးရင် အောင်မှာပုံနဲ့ကျွန်တော်ပြထား ပါတယ် အဲ့ဒါလေးကို တစ်ချက်ကြည့်လိုက်ပါ...
(ပုံ-၁)
(ပုံ-၁) လို့ကျွန်တော်အမည်ပေးထားပါတယ် သူငယ်ချင်းတွေမရှုပ်အောင်လိုပါ အဲ့ပုံ (ပုံ-) မှာပြထားသလို့ ကျွန်တော်ဘောင်လေးနဲ့ဝိုင်း ပြီး မျှား နဲ့ထောက် ပြထားပါတယ် အဲ့ဒီဝိုင်းပြထားတဲ့ နေရာလေးကို ကလစ်တစ်ချက်နှိပ်လိုက်ရင် ..new box တစ်ခုထွက်လာမှာပါ အေက်က (ပုံ-၂)လေးကိုဆက်ပြီးကြည့်လိုက်ပါခင်ဗျား ...
(ပုံ-၂) ကဆိုမှာထွက်လာတဲ့ပုံက (ပုံ-၁) က ကျွန်တော်ပြထားတဲ့နေရာကိုနှိပ်လိုက်လို့ ထွက်လာတဲ့ new box တစ်ခုပါ အဲ့ box ထဲက ကျွန်တော်ထပ် ပြထားတဲ့နေရာ အကွက်လေးထဲမှာ ဧဒင်ဆိုရင် ဧဒင် မြန်မာအိုင်တီဆိုမြန်မာအိုင်တီပေါ့ဗျား ..အဲ့ဒီဆိုဒ်ရဲ့လိပ်စာကိုကျွန်တော်ပြထားပေးတဲ့ အကွက်လေးထဲမှာ ထည့်လိုက်ပါ ဆိုဒ်ရဲ့လိပ်စာကိုဘယ်လိုယူရမလဲဆို ရင် ကျွန်တော်ဆက်ရှင်းပြပါ့မယ် သူငယ်ချင်းတို့ ဆီမှာ အဆိုဒ်အသီးသီးကလာတဲ့ မေးတွေ၇ှိကြမှာပါ အဲ့ဒီလာတဲ့မေးအပေါ်ကို မောက် ပွိုက်တာ လေး တင်ကြည့်ပါ ဆိုဒ်လိပ်စာပေးပေါ်လာမှာဖြစ်ပါတယ် ဥပမာ-ဧဒင်ဆိုရင် share@edinooyin.com ဒီလိုလေးပါ အဲ့ဒီထဲက နေ @edinooyin.com
လေးလောက်ပဲကော်ပီ ကူပီး ကျွန်တော် အစောက ပြောခဲ့တဲ့အကွက်လေးထဲကိုထည့်လိုက်ပါ ပီးရင် next step ကိုနှိပ်ပြီးနောက် နောက်တစ်ဆင့်ကိုဆက် သွားလိုက်ပါ ကျွန်တော်ပုံလေးနဲ့ထပ်ပြထားပေးပါတယ် ဒီတစ်ခါပုံကတော့ (ပုံ-၃) ပေါ့ ဗျား ဟဲဟဲ သူငယ်ချင်းတို့လည်နေမှာဆိုးလို့ပါ လည်နေရင်လည်းပြန်ပြောပါ ကန့်လန့်ခံထားပေးမယ်ရပ်သွားအောင် .....ဟဲဟဲ စတာပါ ..ကျွန်တော်စိတ်ရှည်ရှည်နဲ့ ပြန်ပြောပြပေးပါ့မယ် ခင်ဗျား ... အေက်က ထွက်လာမဲ့ (ပုံ-၃) ကိုဆက်ကြည့်လိုက်ပါခင်ဗျား ...
(ပုံ-၃)
အဲ့ဒီ ဘောက်ထဲက ပြထားတဲ့အကွက်လေးထဲမှာ ဧဒင်ကို label ခွဲထားချင်တယ်ဆိုရင် ဧဒင်ဥယျာဉ်ဆိုပြီးရိုက်ထည့်လိုက်ပါ အိုကေ ကိုနှပ်လိုက် ပြီးရင် ကျွန်တော်ပြထားတဲ့ (ပုံ-၃) ထဲက အကွက်သေးသေးလေးနဲ့ဝိုင်းပြထားတဲ့ ဟာတွေအကုန်လုံးကို ကလစ်လိုက်ပေးပါ ... အနီး နဲ့ နဲ့ဝိုင်းပြထားတဲ့ ဟာတွေပဲနောက် အကုန် မလစ်ကလစ်ခိုင်းဘူး ....ဟီးဟီးစတာပါ ဧဒင်အဖွဲသားတွေအားလုံးဒီလောက်တော့တော်ကြတယ်ဆိုတာယုံပါတယ် ..... အားလုံးအဆင်ပြေကြပါစေဗျား.....
ဆိုဒ်အသီးသီက လာတဲ့မေးတွေကို ဒီလို label တွေနဲ့ခွဲထားခြင်းအားဖြင့်သူငယ်ချင်းတို့ မေးထဲ ကိုရောက်လာမဲ့စာတွေကရောမနေတော့ပဲ သပ်သပ်စီ ရောက်သွားကြမှာဖြစ်ပါတယ်...အကျိုးကျေးဇူးကတော့ဗျားစိတ်မညစ်ရတော့ဘူး စာတွေက သူဆိုဒ်နဲ့သူသီးသန့်လာကြပြီးဆိုတော့ မေးလ်လေး သပ်သပ်ရပ်ရပ်ဖြစ်သွားတာပေါ့ .....စာတွေက Inbox ထဲကိုမရောက်တဲ့အတွက်လာ ကိုယ့်ချစ်ချစ်တွေဆီကလာတဲ့မေးတွေကို ဆိုဒ်အသီးသီးက လာတဲ့မေးလ်တွေကြားထဲ ပြူး ဖြဲရှာစရာမလိုတော့ပဲ အားလုံးကိုကေ စိုပြေသွားမယ်ပေါ့ ဗျား .. ကျွန်တော် မေးလ်ကို label လေးခွဲထားတဲ့ ပုံလေးပါတင်ပေးလိုက်ပါတယ် နမူနာကြည့်ဖို့အတွက်ပါ .....။
- ဒီပို့စ်လေး ကိုကျွန်တော်ဒီနေရာလေးကနေတင်တဲ့ရည်ရွယ်ချက် က မသိသေးတဲ့သူငယ်ချင်းတွေ အားလုံးဖတ်မိအောင်လို့ ဟိုနေ့က ကျွန်တော် အင်တာနက်ဆိုင်ထဲမှာသူငယ်ချင်းနဲ့သွားတွေးပီးစကားပြောနေရင်းဘေးနားက ညီငယ်တစ်ယောက် အဲ့ဒီမေးလ်ကိစ္စတွေနဲ့တိုင်ပတ်နေတာကိုမြင်တော့ လုပ်ပေးရင် ဧဒင်ကိုအရင်ဦးဆုံးပြေး သတိရလိုက်တယ် ဧဒင်က သူငယ်ချင်းလေးတွေဒီလို မျိုးကြုံကောင်းကြုံမယ်ဆိုတဲ့အတွေးနဲ့ကျွန်တော်တင်ပေးလိုက်ခြင်းဖြစ်ပါတယ် အမှားပါရင် ခွင့်လွတ်ကြပါခင်ဗျား ....။
ကျေးဇူးတင်ပါတယ်ခင်ဗျာ။
ReplyDeleteဦးဂျိုကာ
ကျွန်တော်ဒါကို ရှာနေတာ ကြာပြီဗျ ... ကျေးဇူးပဲ ကိုကျော်ကျော်ချိုရေး ...
ReplyDeleteပြီးတော့ ကိုယ်လက်မခံချင်တဲ့ Mail တွေကို ပို့ လာရင် ကိုယ့်ရဲ့  mail ထဲ မရောက်အောင်ရော လုပ်လို့ ရလား ... သိချင်တယ်ဗျာ ... တင်ထားရင် Link လေးပို့ ပေးပါ။ sainatkha.ss@gmail.com
www.kyawhtetwin.blogspot.com
www.kyaw-htet-win.blogspot.com