23 May, 2012

Dropbox အသုံးပြု၍ မိမိဖိုင်များအား Share လုပ်မယ်...

  ဒီနေ့ သူငယ်ချင်းများအတွက် Dropbox အသုံးပြုပြီး မိမိဖိုင်များကို Share လုပ်ခြင်းအကြောင်းကိုတင်ပြပေး
ပါ့မယ်။ကျွန်တော်သည်လည်း နည်းပညာကိုလေ့လာဆဲသူတစ်ယောက်ဖြစ်၍ အမှားရှိခဲ့သော်၎င်း လိုအပ်ချက်ရှိခဲ့သော်၎င်းဖြည့်
စွက်ပေးနိုင်ပါတယ်ခင်ဗျာ။မိမိနားလည်သဘောပေါက်သလိုပြုစုရေးသားထားခြင်း၊ အခြားသူများနားလည်လွယ်စေရန်ပြုစုပေးထား
ခြင်းများဖြစ်ပါ၍ စနစ်ကျနမှုမရှိပါက သည်းခံပေးနိုင်ပါရန်ကြိုတင်ပြောကြားထားလိုပါတယ်။

Dropbox ဆိုသည်မှာ
     Dropbox ဆိုသည်မှာကျွန်တော်နားလည်သလောက် မိမိ Share လုပ်လိုသော Image များ Public Folder များအားတစ်
ဆင်ခံ ပြန်လည် Share လုပ်ပေးနိုင်သော Sit တစ်ခု Cloud တစ်ခုဖြစ်ပါသည်။၎င်းသည် အခြား Upload Sit များမှ Share လုပ်
မပေးနိုင်သော ဖိုင်များ(ဥပမာ-PowerPoint)ကဲ့သို့ သောဖိုင်များအား Share လုပ်ပေးနိုင်ခြင်း ၄င်း၏ Dropbox ရှိ Image နှင့်
Public folder များတွင် မိမိ Share လုပ်လိုသောဖိုင်များအားထည့်၍ Public Link မှာရှိတဲ့ Direct Download Link မှ ဒေါင်း
လော့လုပ်ယူခြင်းသည် အခြား Mediafire , Ifile , Ziddu , 4Shared တို့ မှာထက်ပိုမိုမြန်ဆန်လှတာကိုတွေ့ ရပါမယ်။၎င်းအပြင်
Web ပေါ်မှ၎င်း အခြား Windows , Mac , Linux , iPhone , iPaid , Android ,တို့ ပေါ်မှ၎င်း အားလုံးကို Access လုပ်လို့ 
ရတဲ့အတွက် အလွန်အသုံးဝင်လှပါတယ်။
Dropbox အသုံးပြုပုံ
     အသုံးပြုပုံအဆင့်ဆင့်အား အောက်တွင်ပုံများအတွင်း စာများဖြင့်ရှင်းပြထားပါတယ်။
     ဒီလောက်ဆိုလျှင် သဘောပေါက်ပြီးနားလည်မည်ဟုထင်ပါတယ်။ခုနောက်ပိုင်းမှာ ဒီDropbox တွေကို တွင်တွင်ကျယ်ကျယ်
သုံးလာတာကိုတွေ့ ရပြီး Free User များအား  2 Gb ပမာဏအထိ Share လုပ်ခွင့်ပြုထားတာကိုတွေ့ ရပါတယ်။ကဲအလိုရှိတယ်
အသုံးပြုကြည့်ချင်တယ်ဆိုလျှင်ဖြင့် မူရင်းလင့်ဒီနေရာလေးမှာ ဒေါင်းယူဖြည့်စွက်အသုံးပြုနိုင်ပါတယ်ခင်ဗျာ။
     ပြတိုက်မှသူငယ်ချင်းများ အိုင်တီအသိသုတ ပြည့်ဝနိုင်ကြပါစေ။
     စေတနာများစွာဖြင့်..........

0 ဦးမှတ်ချက်ရေးခဲ့သည်:

Post a Comment

သင်ရေးလိုက်တဲ့ စာတစ်ကြောင်းဟာ စာရေးသူအတွက်အားဆေးပါ