Favicon ဆိုတာကတော့ Tab Bar မှာ စာသားနဲ့အတူပေါ်နေတဲ့ ကိုယ့်ဆိုဒ်ရဲ့ Logo လေးပဲဖြစ်ပါတယ်။ webs မှာ အခမဲ့ဆိုဒ်ထောင်ထားတဲ့သူတစ်ချို့က Favicon ထည့်လို့မရဘူးလို့ပြောကြပါတယ်။ webs မှာ favicon ထည့်လို့မရတဲ့သူတွေအတွက် ရအောင်လုပ်တဲ့နည်းလမ်းလေးကို အွန်လိုင်းပေါ်ကနည်းပညာများဆိုဒ်လေးကနေ ဒီတစ်ခါဖော်ပြပေးချင်ပါတယ် . .။
လုပ်ပုံလုပ်နည်းကတော့ webs ကကိုယ်ထောင်ထားတဲ့ဆိုဒ်ရဲ့ဆိုဒ်ဘားမှာ ဒီကုဒ်လေးကို HTML mode နဲ့ရိုက်ထည့်ပေးလိုက်ပါဗျာ . . .။ ဒါဆိုရင်တော့ သူငယ်ချင်းရဲ့ webs မှာ Favicon ပါလာပါလိမ့်မယ်။ ကုဒ်လေးကတော့ -
လုပ်ပုံလုပ်နည်းကတော့ webs ကကိုယ်ထောင်ထားတဲ့ဆိုဒ်ရဲ့ဆိုဒ်ဘားမှာ ဒီကုဒ်လေးကို HTML mode နဲ့ရိုက်ထည့်ပေးလိုက်ပါဗျာ . . .။ ဒါဆိုရင်တော့ သူငယ်ချင်းရဲ့ webs မှာ Favicon ပါလာပါလိမ့်မယ်။ ကုဒ်လေးကတော့ -
<link rel="icon" type="image/gif" href=" favicon ကိုယ်ထည့်ချင်တဲ့ပုံရဲ့လင့် ">
ဒီနေရာမှာ gifလို့အနီရောင်လေးနဲ့ဖော်ပြထားတာကတော့ နမူနာပုံစံဖော်ပြထားခြင်းဖြစ်ပြီး တကယ်လို့ ကိုယ်ထည့်မယ့်ပုံရဲ့လင့်က အနောက်မှာ .png နဲ့ဆုံးလို့ရှိရင် အဲ့ဒီနေရာမှာ png လို့ထည့်ပေးရမှာဖြစ်ပါတယ်။
တခြား .jpg စသဖြင့် တို့ဆိုရင်လည်း အဲ့ဒီအတိုင်းပါပဲ . . .။
အားလုံးအဆင်ပြေပြေလုပ်နိုင်ကြပါစေဗျာ . . . ။
0 ဦးမှတ်ချက်ရေးခဲ့သည်:
Post a Comment
သင်ရေးလိုက်တဲ့ စာတစ်ကြောင်းဟာ စာရေးသူအတွက်အားဆေးပါ