20 March, 2012

ကျွန်တော် ကိုယ်တွေ့ကြုံလိုက်ရတဲ့ G talk အတွက် virus အသစ်

G talk Virus အသစ်လို့ ပဲ လွယ်လွယ်ခေါ်ကြပါစို့ ဗျာ... သူ့ ရဲ့ ကူးစက်တဲ့ပုံစံက ဒီလိုဗျ... သူက ကိုယ့်ရဲ့ နစ်ထဲမှာရှိတဲ့သူက ကိုယ့်ကိုလှမ်း chat တဲ့ပုံစံမျိုး နဲ့ အောက်ပါအတိုင်း စာပိုဒ် ၃ ခုခွဲပြီး ၃ ခါခွဲတက်လာတယ် မြန်လဲမြန်တယ်ဗျ...
၁ ။ asl please
I am 23 Female, Delhi (India)
and you?

၂ ။ Now search your google in a HYBRID\DYNAMIC way -http://h1.badwaresite.www/mygoogle0/index.html

၃ ။ View my private cam via secured connection -http://h1.badwaresite.www/db0/privateCam.exe

အဲ့လိုမျိုးစားကြောင်းတွေ ကိုယ့်သူငယ်ချင်းတွေကို တစ်ယောက်ပြီးတစ်ယောက် သူ့ဘာသာသူရေးနေတော့တာပဲ စာထဲမှာတော့
I am 23 Female, Delhi (India)့ လိုရေးထားတာပဲ အိန္ဒိယ ကဘယ်ကောင်မလဲမသိဘူး အပြင်မှာတွေ့ရင်နရင်းကြီးပဲအုပ်လိုက်ချင်တယ်သောက်ကောင်မ 
ကဲထားပါတော့အဲလို စာတက်လာပြီး သူ့လင့်ကို နှိပ်မိရင် Download ချက်ခြင်းကျလာတယ်။ Run လိုက်ပြီ ဆိုတာနဲ့ အောက်အတိုင်း ဖြစ်လာပါရောဗျာ...။

၁။ Gtalk နဲ့ Yahoo messenger သူ့ဟာသူ တက်လာပြီး နစ်ဖွင့်လို့ရအောင် ကာဆာ ချပေးလိမ့်မယ်။(စက်မှာ run မထားဘူး မရှိဘူး ဆိုရင်တော့ မတက်ဘူးပေါ့)

၂။ နစ်ဖွင့်လိုက်မိရင် အဲဒီနစ် အပေါ်ဆုံးက လူသုံးယောက်ကို အပေါ်မှာ ကျနော် ရေးပြခဲ့တဲ့ အတိုင်း ကတုံ၊ ကတုံ နဲ့ အလိုလို သူ့ဟာသူ ရိုက်ပြီး ပြောနေလိမ့်မယ်။ အဲဒီ အချိန်မှာ စက်ဟန်းနေတယ်။ ဘာမှ လုပ်လို့ မရဘူး။ ၂ မိနစ်နီးပါး ကြာပြီးရင် ပြန်ငြိမ်သွားမယ်။ ၅ မိနစ်မှာ တစ်ကြိမ်လောက် ဖြစ်နေလိမ့်မယ်။(တစ်ခြားနစ်ကို မိမိ ကိုယ်တိုင် ကာဆာချပြီး စကားပြောမနေဘူးဆိုရင် အဲဒီ နစ်သုံးခုကိုပဲ ထပ်ခါထပ်ခါ တက်နေမှာဖြစ်ပါတယ်။ )




၃။ gtalk တွေ၊ Yahoo တွေ exit လုပ်ပြီး connection ဖြုတ်ထားလိုက်ရင်တောင် နစ်ဖွင့်ဖို့အတွက် messenger တွေ လာလာပေါ်ပေးနေလိမ့်မယ်။

၎။ task manager, registry editor, Folder Options စတာတွေ ကတော့ ဗိုင်းရပ်တို့ ထုံးစံအတိုင်း ခေါ်လို့မရဘူးဖြစ်နေလိမ့်မယ်။

၅။ Drive တွေကို ဘယ်လိုမှ ဖွင့်လို့မရတော့ပါဘူး။

အဲဒီပုံစံနဲ့  Virus စပြီးကူးတော့တာပါပဲ.....

0 ဦးမှတ်ချက်ရေးခဲ့သည်:

Post a Comment

သင်ရေးလိုက်တဲ့ စာတစ်ကြောင်းဟာ စာရေးသူအတွက်အားဆေးပါ