29 March, 2012

သင့် password ဘယ်လောက်စိတ်ချရသလဲ ?


သင့် password ဘယ်လောက်စိတ်ချရသလဲ ဆိုတာ ကြည့်ရှုနိုင်မယ့် Websiteသည်နေ့ခေတ် ဟက်ကာတွေက သိသိသာသာ အဆင့်မြင့် လာပြီး ကိုယ့်အကောင့် ကို အချိန်မရွေး ထိုးနှက် နိုင်ပါတယ်။ ကိုယ်ပေးထားတဲ့ စကားဝှက် (Password) က ဘယ် လောက် ခိုင်မာသလဲ။ ကိုယ့်စကားဝှက်ကို သူတို့ချိုးဖောက်ဖို့ အချိန် ဘယ်လောက် ကြာမလဲ။ ဒီ website လေးက ပြောပေးပါတယ်။
ဒီ website မှာ စကားဝှက်ထည့်ပါ။ ဟက် ကာတွေ ဖောက်ထွင်းဖို့ လိုအပ်တဲ့ အချိန်ကာလကို ချက်ချင်းသိရမှာပါ။ ဂဏန်းတွေ ချည်းပါတဲ့ စကားဝှက်ကိုထည့်ရင် သူတို့သိဖို့ အချိန်တစ်စက္ကန့်လောက်ပဲ ကြာပါတယ်။

စာလုံး ၇ လုံး လောက်ပါတဲ့ စကားဝှက်ဆိုရင်တော့ အချိန် ၂ နာရီလောက်ကြာအောင် ဖောက်ထွင်းရမှာပါတဲ့။ ဖောက်ထွင်းဖို့အချိန် ကြာလေ သင့်စကားဝှက်က ခိုင်မာလေလို့ မှတ်ရ မှာပါပဲ။

ဒီအောက်ကလိပ်စာလေးကိုကလစ်ပြီးသွားရောက်စမ်းသပ်နိုင်ပါတယ်။


http://www.howsecureismypassword.net/

0 ဦးမှတ်ချက်ရေးခဲ့သည်:

Post a Comment

သင်ရေးလိုက်တဲ့ စာတစ်ကြောင်းဟာ စာရေးသူအတွက်အားဆေးပါ