06 March, 2012

ကိုယ်ကြိုက်တဲ့ web address တွေကို အွန်လိုင်းပေါ်မှာမှတ်ထားကြမယ် (Online Bookmarking )

Web Address တွေကို ခေါင်းရှုပ်ခံပြီး စာအုပ်ထဲမှာ မှတ်နေစရာမလိုတော့ပါဘူး (Online Bookmarking အင်တာနက် သုံးသူ တော်တော်များများမှာ တွေ့ နေရတာလေးတွေပါ ။ Website ကောင်းကောင်းလေးတွေ တွေ့ ရင် စာအုပ်ထဲမှာ မှတ်တယ် ၊ စာရွက်ထဲမှာ မှတ်တယ် ။ ပြီးတော့ အဲ့စာအုပ်တွေ စာရွက်တွေ ပျောက်တော့ တိုင်တွေ ပတ်ကုန်ကြရောပေါ့ ။ တစ်ချို့ ကျတော့ ကွန်ပြူတာ သမားပီပီ Notepad ထဲမှာ မှတ်တယ် ။ ပြီးတော့ အဲ့ notepad လည်း ပြန်ရှာလို့ မရတော့ တိုင်ပတ်တာပေါ့ ။ စာအုပ်ထဲမှာ မှတ်တယ်ဆိုလည်း သွားလေရာကို စာအုပ်ကြီး သယ်သွားမှ အဆင်ပြေမှာပါ ။ Notepad ထဲမှာ မှတ်တော့လည်း အဲ့ Notepad ရှိမှ အဆင်ပြေပြန်ရော ။ အဲ့ဒါကြောင့် အဲ့ဒါတွေက ပျောက်လွယ်ပါတယ် ။ အဲ့ဒါဆို အဆင်မပြေနိုင်ပါဘူး ။


အဲ့တော့ ကျွန်တော်တို့ အဲ့ပြသနာကို ဘယ်လို ဖြေရှင်းကြမလဲ ။ လွယ်တာတော့လွယ်ပါတယ် ။ အွန်လိုင်းပေါ်မှာ ကျွန်တော်တို့ မှတ်ချင်တဲ့ Website လိပ်စာတွေကို မှတ်ပေးတဲ့ Websites တွေ အများကြီး ရှိပါတယ် ။ အဲ့လို Website လိပ်စာတွေမှတ်တာကို Bookmarking လို့ ခေါ်ပါတယ် ။ Online ပေါ်မှာပဲ မှတ်တဲ့အတွက် Online Bookmarking လို့ခေါ်ကြပါတယ်။

Browser(IE, Firefox) တွေမှာ Bookmark လုပ်ပေးနိုင်တဲ့ Function တွေပါပြီးသားပါ။ IE သုံးတာဖြစ်စေ၊ Firefox သုံးတာဖြစ်စေ Websiteကောင်းကောင်းလေးတွေ့လို့ မှတ်ချင်ရင် Keyboard ကနေCtrl+Dနှိပ်လိုက်ရုံပါပဲ။ အဲဒီအခါမှာ Box လေးတစ်ခု တက်လာပါတယ်။ IE မှာဆိုရင် Addကိုနှိပ်လိုက်ပါ။ Firefox ဆိုရင်တော့ OK နှိပ်လိုက်ရင် ရပါပြီ။နောက်ပိုင်းမှာ ကိုယ်မှတ်ထားတဲ့လိပ်စာတွေကို ပြန်ကြည့်ချင်ရင်တော့ Firefoxမှာဆိုရင် Menu bar က Bookmarks ကို နှိပ်လိုက်ပါ။ အဲဒီအခါကိုယ်မှတ်ထားတဲ့ Site လိပ်စာလေးတွေ တွေ့ပါလိ့မ်မယ်။ IE ဆိုရင်တော့ menubar က Favorites ထဲမှာရှိပါတယ်။



ဒါပေမဲ့ အဲဒီနည်းတွေကအင်တာနက်ကိုအိမ်မှာသုံးတဲ့သူတွေအတွက်ပဲအဆင်ပြေမှာပါ ။ Cyber တွေမှာ သုံးတဲ့သူဆိုရင်တော့ ဒီနည်းတွေက Browser ထဲမှာပဲမှတ်တာဖြစ်တဲ့အတွက် တခြားစက်တွေကိုင်ရင် ကြည့်ရမှာမဟုတ်တော့ဘူးလေ။ဒါကြောင့် အင်တာနက်ချိတ်ထားတဲ့ ဘယ်ကွန်ပျူတာကိုပဲသုံးသုံး ကိုယ့်ရဲ့
Bookmark တွေကို access လုပ်လို့ရတဲ့ Online Bookmarking Website တွေခေတ်စားလာတာပေါ့။

အဲ့လို Online Bookmarking လုပ်ပေးနိုင်တဲ့ ဆိုဒ်တွေကတော့ အများကြီးပေါ့ဗျာ ။ တစ်ချို့ တစ်လေက Register လုပ်ရတယ် ။ သုံးရတာ ကိုယ်နဲ့ Fair မဖြစ်ဘူး ။ အဆင်မပြေဘူးပေါ့ဗျာ ။ အဲ့ဒါကြောင့် ကိုယ်နဲ့ လည်း ရင်းနှီးတယ် ၊ အရမ်းလည်း သုံးရတာ လွယ်တဲ့ ကျွန်တော်တို့ ရဲ့  Google ကြီးကိုပဲ အားကိုးကြရအောင်ဗျာ ။

ကျွန်တော်တို့ နေ့ စဉ် မရှိမဖြစ် လို အရမ်းကို အသုံးဝင်တဲ့ Google ကြီးမှာလည်း bookmark လုပ်လို့ရပါတယ် ။ အရင်ဆုံး မိမိသုံးနေကြ gmail ကို sign in ၀င်လိုက်ပါ ။ ပြီးရင် Ctrl+T (New Tab) အသစ်တစ်ခု ခေါ်ပြီး Address bar မှာ http://ww.google.com/bookmarks လို့ သာ ရိုက်လိုက်ပါ ။ အဲ့ဒါဆိုရင်တော့ Google ရဲ့ Bookmarks Page တစ်ခု ရောက်လာမှာ ဖြစ်ပြီး My Lists , Add Bookmarks အစရှိတဲ့ နေရာတွေမှာ မိမိ မှတ်သားချင်တဲ့ Website Addresses တွေကို Subject , Title , Link နှင့်တကွ မှတ်သားနိုင်တာကြောင့် ဘယ် စာအုပ် ၊ ဘယ်စာရွက် ၊ ဘယ် Notepad တစ်ခု တစ်လေမှမလိုတော့ပဲ ရောက်လေ ရာရာ အရပ်တိုင်းမှာ Google Bookmarks ဆိုတဲ့ Bookmarks Page လေးကို ခေါ်လိုက်တာနဲ့ မိမိမှတ်သားထားတဲ့ Website တွေကို မိမိ မှတ်သားထားတဲ့ ပုံစံ အတိုင်းတွေ့ မြင်ရမှာ ဖြစ်ပါတယ် ခင်ဗျာ ။ အဆင်ပြေသလို အသုံးပြုနိုင်ကြပါစေ ခင်ဗျာ ။

0 ဦးမှတ်ချက်ရေးခဲ့သည်:

Post a Comment

သင်ရေးလိုက်တဲ့ စာတစ်ကြောင်းဟာ စာရေးသူအတွက်အားဆေးပါ