03 June, 2012

မိမိ ဘလောဒ့်တွင် Colour Background (သို့မဟုတ်) Image Background ထည့်နည်း..

Blog မှာ မိမိရေးတဲ့ Post တွေကို သီးခြား Background (သို့မဟုတ်) Image Background တွေအသုံးပြုချင်တဲ့ သူငယ်ချင်းများ အသုံးပြုလို့ရအောင် ကျွန်တော်တင်ပြပေးလိုက်တာပါ။ လုပ်ရတာလဲ အဆင်ပြေလှပါတယ်။ အသုံးပြုချင်တဲ့ စာနဲ့ ထားချင်တဲ့ Background ပုံက ညီရင် ပိုကောင်းလေးပါဘဲ။ စာရေးသလောက်သာ ပုံက Background လုပ်မှာဖြစ်ပါတယ်။ ဒါကြောင့် မိမိတင်တဲ့ Post တိုရင် မိမိရွေးချယ်တဲ့ Background ကလဲ တိုမှာဖြစ်ပါတယ်။
color နဲ့ Background အသုံးပြုနည်း

1. မိမိ Blog မှ Posting ကို click လိုက်ပါ။ New Post မှာ အောက်က code တွေကို copy ယူပြီထည့်လိုက်ပါ။ အနီရောင်နဲ့ ပြသထားတဲ့နေရာမှာ မိမိပေါ်စေချင်တဲ့ Background color ကို စိတ်ကြိုက်ရွေးချယ်ထည့်လိုက်ပါ။ အပြာရောင်နဲ့ ပြသထားတဲ့နေရာမှာ မိမိတင်မဲ့ Post ကိုရေးလိုက်ပါ။

<div style="background:#FFE1FF; padding:5px 8px 5px 8px;">
YOUR TEXT HERE
</div>

2. ပြီရင်တော့ Publish Post ကို click ပေးလိုက်ပါ။ မိမိတင်ထားတဲ့ Post ကို အောက်ပါအတိုင်းတွေ့ရမှာဖြစ်ပါတယ်။



အားလုံးမင်္ဂလာပါ 
ဒါကအရောင်ပြောင်းပြီးပေါ်နေမယ့်
ပုံစေံလေးပါ



Image နဲ့ Background အသုံးပြုနည်း

1. မိမိ Blog မှ Posting ကို click လိုက်ပါ။ New Post မှာ အောက်က code တွေကို copy ယူပြီထည့်လိုက်ပါ။ အနီရောင်နဲ့ ပြသထားတဲ့နေရာမှာ မိမိပေါ်စေချင်တဲ့ Background Image ကို စိတ်ကြိုက်ရွေးချယ်ထည့်လိုက်ပါ။(upload တင်ရမယ်နော် ထည့်မည့်ပုံကို) အပြာရောင်နဲ့ ပြသထားတဲ့နေရာမှာ မိမိတင်မဲ့ Post ကိုရေးလိုက်ပါ။

<div style="background:url(URL/Direct link OF the Image) no-repeat;">
YOUR TEXT HERE
</div>

2. ပြီရင်တော့ Publish Post ကို click ပေးလိုက်ပါ။ မိမိတင်ထားတဲ့ Post ကို အောက်ပါအတိုင်းတွေ့ရမှာဖြစ်ပါတယ်


ဆရာ့ရင်ခွင်
ဒဏ်ရာတွေ သူ့မှာခပေးမယ့်
စန္ဒာအဆွေ သူ့ရွာလှစေသို့
ဥပမာ ပြချင်ရဲ့ ငါ့ရင်ခွင်
သြော်.....ရှုကာ ဆပေတော့ ဆရာသွင်ပြင်............
မျက်နှာပန်းမှာလ
ခတ်ကြမ်းကာ မာပုံထင်လည်း
ရင်ခွင်ကို လှစါကာ ကြည့်လျှင်ဖြင့်
အစဉ်ချို မေတ္တာအပြည့်ပါကွယ်
သိကြစေချင်............

မလိမ္မာကဲကာ မိုက်တာကြောင့်
ကြိမ်တံပြာ ဆွဲကာရိုက်ပေမယ့်
အစဲမှာ ပိုက်သည်က များတပည့် နောင်အစဉ်
အမှားသိ ရှောင်ကြဉ်ဘို့ ငါ့စိတ်ရင်း.....................
လမင်းဆိုတာ...........
လဆင်းဘယ်လိုဖြာလည်း(ပ၀င်းဘယ်လိုသာလည်း)
တစ်လမှာ နှစ်ခါမပြည့်ပါဘူး
အမိ အဘနှယ် နောင်အရှည်မြင်
တပည့်လှဖွယ် အရောင်းတွေတင်သည့်
ဆရာ့ရင်ခွင် မေတ္တာလရယ်က
ဘသမြင့်အောင် သစ္စာပြလို့ရယ်(မင်းတို့အပေါ်မှာလေ)
မိုးလထက်လင်း။(အရှင်ဥတ္တရ)

0 ဦးမှတ်ချက်ရေးခဲ့သည်:

Post a Comment

သင်ရေးလိုက်တဲ့ စာတစ်ကြောင်းဟာ စာရေးသူအတွက်အားဆေးပါ