12 August, 2012

Facebook မှ Video များကို Blog မှာထည့်နည်း...

သူငယ်ချင်းတစ်ယောက်လာမေးထားလို့ပြန်ဖြေပေးလိုက်ပါတယ်
Facebook က Video တွေကို မိမိတို့ရဲ့ ဘလော့တွေ website တွေမှာတင်ဖို့ အတွက်
Embed Code ယူနည်းလေးပြောပြပေးမှာဖြစ်ပါတယ်... ဘာမှတော့မခတ်ပါဘူး ကဲအောက်ကကျွန်တော်ပြောထားတဲ့အဆင့်လေးတွေအတိုင်းလုပ်ကြည့်လိုက်ပါဗျာ...

(၁)    Facebook Video တိုင်းမှာ ID နံပတ်လေးတွေရှိပါတယ် ပထမဦးဆုံး ကိုယ်လိုချင်တဲ့ Video ရဲ့ ID နံပတ်ကို ယူရမှာဖြစ်ပါတယ်... အဲ့ဒါကိုယူဖို့အတွက် ကိုယ်ဘလော့မှာထည့်ချင်တဲ့ Facebook Video ကိုသွားလိုက်ပါ အောက်ကပုံလေးလို Right Click>open link in new tab နဲ့ဖွင့်လိုက်ပါ.. 

(၂)   နောက် Tab တစ်ခုထဲမှာပွင့်လာရင် Address bar ကိုကြည့်လိုက်ပါ နောက်ဆုံးမှာ
ဂဏန်းလေးတွေရှိပါတယ် ထိုဂဏန်းတွေက သင့် Video ရဲ့ ID နံပတ်တွေပဲဖြစ်ပါတယ်.. Copy ကူးလိုက်ပါ
အောက်ကပုံကိုကြည့်ပါ.. Slect ပြထားတဲ့နေရာလေးကိုပဲကူးပါ


(၃)   အဲ့ဒါကိုကူးပြီးရင်တော့ အောက်ကပေးထားတဲ့ ကုတ်တွေထဲက Video ID ဆိုတဲ့နေရာလေးမှာလိုက်ထည့်လိုက်ပါ 


<object width="320" height="240" ><param name="allowfullscreen" value="true" /><param name="movie" value="http://www.facebook.com/v/Video ID" /><embed src="http://www.facebook.com/v/Video ID" type="application/x-shockwave-flash" allowfullscreen="true" width="320" height="240"></embed></object>

(၄)   width နဲ့ height တွေကိုလည်း သင့်ဆိုဒ့်နဲ့အဆင်ပြေအောင်ပြောင်းပေးလိုက်ပါ... 
(၅)  နောက်ပြီး သင့် Video ကို Full Screen နဲ့ကြည့်လို့ရအောင် ထားချင်တယ်ဆိုရင်တော့ true ဆိုတဲ့နေရာမှာဒီအတိုင်းလေးပဲထားလိုက်ပါ
Full Screen နဲ့ကြည့်လို့မရအောင်ထားမယ် ၊ မကြည့်စေချင်ဘူးဆိုရင်တော့ true ဆိုတဲ့နေရာမှာ false လို့ပြောင်းပေးလိုက်ပါ
(၆) ဒါဆိုရင်တော့ အဆင်သင့်ဖြစ်ပါပြီ သင် Video ထည့်ချင်တဲ့နေရာမှာ ခုနက ပြင်ထားတဲ့ ကုတ်လေးတွေကိုထည့်လိုက်ရင်ရပါပြီ... 
Post တင်မယ်ဆိုရင်တော့ New post>Edit HTML မှာထည့်ပါ
sidebar မှာထားချင်တယ်ဆိုရင်တော့ Design>Add a gadget>HTML/JavaScript  မှာ ထည့်လိုက်ရင်ရပါတယ်... အဆင်ပြေပါစေဗျာ.
မသိသေးသောသူများကိုသာ အသိပေးမျှဝေခြင်းဖြစ်ပါတယ်...
ကျေးဇူးတင်ပါတယ်...

1 comment:

  1. ကျွန်တော် သိချင်တာလေး ဖြေပေးတဲ့အတွက်
    အရမ်းကျေးဇူးတင်ပါတယ် ကိုကျော်ရေ..
    နောင်မှာ ဒီထက်ပို အောင်မြင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်ဗျာ

    ReplyDelete

သင်ရေးလိုက်တဲ့ စာတစ်ကြောင်းဟာ စာရေးသူအတွက်အားဆေးပါ