08 August, 2012

ရုပ်သံသတင်းတွေ(သီချင်းတွေ)ကို ဘလော့မှာ တင်ချင်ရင် html code တွေ ဘယ်လိုယူမလဲ..

ကိုကျော်ရေ ကျွန်တော်တစ်ခုလောက်သိချင်လို့ဗျာ DVB က ရုပ်သံသတင်းတွေကို ဘလော့မှာ တင်ချင်ရင် html code တွေ ဘယ်လိုယူရတယ်ဆိုတာ ပြောပြပေးပါလား

ဆိုပြီး tayzar ဆိုတဲ့ အကိုတစ်ယောက်ကမေးလာလို့ ပြောပြပေးလိုက်ပါတယ်ခင်ဗျာ..

ဒီနည်းလေးကအရင်ကလည်းတင်ဖူးပါတယ်... အရင်ကလုပ်ရတာအဆင့်တွေများနေမလားလို့ အခု ပိုလွယ်တဲ့နည်းကိုပြန်တင်ပေးလိုက်တာပါ.. 

(1)   အရင်ဆုံး ကိုယ့်ဘလော့မှာထည့်ချင်တဲ့ Vidoe ကိုသွားလိုက်ပါ
(2)  ကိုယ်လိုချင်တဲ့ Video ပေါ်မှာ Right Click (ညာကလစ်) ထောက်လိုက်ပါ
(3)  ပြီးရင်တော့ ပုံမှာပြထားတဲ့အတိုင်း မြားပြထားတဲ့ Copy embed html ဆိုတာလေးကို ကလစ်လိုက်ပါ ၊ ဒါဆိုရင်တော့ကိုယ်လိုချင်တဲ့ Video html code ကိုယူပြီးသွားပါပြီ
(4) ထို့နောက် ဘလော့မှာထည့်ဖို့အတွက် Design>Add a gadget>HTML/JavaScript Add  မှာထည့်လိုက်ရင်ရပါပြီ.. Video ရဲ့ အရွယ်အစားကိုတော့ ကိုယ့်ဘလော့နဲ့ကိုက်ညီအောင် ပြောင်းလိုက်ပါ...
အသေးစိပ်ကို ဒီမှာလည်းရှင်းပြထားပါသေးတယ်... ဒီလောက်ဆိုရင်အဆင်ပြေမှာပါနော်... လာလည်တဲ့အတွက်ကျေးဇူးတင်ပါတယ် ကို tayzar ခင်ဗျား...

1 comment:

  1. ကျွန်တော် မေးမြန်းတာကို ပြန်လည်ဖြေကြားပေးတဲ့အတွက် ကျေးဇူး အထူးတင်ပါတယ်။
    အကိုဖြေပေးတဲ့အဖြေက ရဲ့ YyouTtube မှာ တင်ထားတဲ့ ဗီဒီယိုတွေကိုပဲ Html code ယူလို့ရပါတယ် ခင်ဗျာ facebook မှာ တင်ထားတဲ့ ဗီဒီယို တွေကို coding ယူလို့မရပါဘူး youtube မှာတင်တဲ့ dvb သတင်းများဟာ uUpdate မဟုတ်ပဲ နောက်ကျလေ့ရှိပါတယ် ဖြစ်နိုင်မယ်ဆိုရင် facebook မှာ တင်ထားတဲ့ dvb ရဲ့ ဗီဒီယို တွေကို cCoding ယူနည်းလေး ဖြေကြားပေးပါခင်ဗျာ
    အကို ဒီထက်ပိုမို အောင်မြင်ပါစေလို့ ဆုတောင်းပေးနေပါတယ်
    အကိုဆိုဒ်က ကျွန်တော်လို blogger ပေါက်စတွေအတွက် အရမ်း အားကိုးရတဲ့ ဆိုဒ်ပါ။

    ReplyDelete

သင်ရေးလိုက်တဲ့ စာတစ်ကြောင်းဟာ စာရေးသူအတွက်အားဆေးပါ