06 August, 2012

Google Chrome တွင် မြန်မာစာ ဖတ်နိုင်၊ ရေးနိုင်ရန်...


Google Chrome တွင်မြန်မာစာရေးနိုင်၊ ဖတ်နိုင်ရန်အတွက် ဒီဘလော့ကို ရေးပေးလိုက်ပါတယ်၊
အချို့သော သူတွေ မေးထားတာတွေ့လို့ တင်ပေးလိုက်တာပါ၊ သိပြီးသား သူတွေလည်း အများအပြားရှိမှာပါ၊
သိပြီးသားသူတွေအတွက်တော့ မရည်ရွယ်ပါဘူး ခင်ဗျာ ... ။
Google Chrome မှာက သူ့ရဲ့version တိုင်းမှာ မြန်မာလိုမရပါဘူး၊ ရရင်တောင်မှ အပြည့်အ၀ မမြင်ရတာမျိုးတွေဖြစ်တတ်ပါတယ်၊
ဒါပေမယ့် အခုနောက်ပိုင်း version တွေမှာတော့ ရတာကို တွေ့ရပါတယ်၊ ကျွန်တော်ကိုယ်တိုင် windows XP ကော၊windows 7 64bit မှာ လုပ်ကြည့်လို့ ရသွားတဲ့ version ကိုပါ တစ်ခါတည်း တင်ပေးလိုက်ပါတယ် ...
ပထမဦးဆုံး အခုပေးထားတဲ့ လင့်ကနေ Google Chrome ကို အရင်ဒေါင်းလုပ် ယူလိုက်ပါခင်ဗျာ...
Google Chrome 15.0.874.15 Beta ဒေါင်းလုပ်လင့်
http://www.filehippo.com/download_google_chrome/download/9c8ecdad4c...

ပြီးရင် install လုပ်ပြီး browser ကို ဖွင့်လိုက်ပါ ...
- ပထမဦးဆုံး Browser ရဲ့ setting ထဲကို ၀င်ပါမယ် ၊ အောက်မှာပုံနဲ့တကွပြထားပါတယ် ပုံ(၁)ကို ကြည့်ပါ..

ပုံ (၁)

- ပြီးရင် setting ထဲက option ကိုဝင်ပါ ၊ ပုံ (၂)ကိုကြည့်ပါ ..
 ပုံ (၂)

- option ထဲရောက်ရင် Under the Hood ကိုရွေးပြီး၊ Customize fonts.. ထဲကိုဝင်ပါ၊ ပုံ (၃) ကိုကြည့်ရန်
ပုံ (၃)

- Customize fonts ထဲရောက်ရင် အားလုံးကို Zawgyi One font ပြောင်းပေးလိုက်ရင် ရပါပြီခင်ဗျာ ၊ ပုံ (၄) ကိုကြည့်လိုက်ပါ..
ပုံ (၄)

ဒါဆိုရင်တော့ အားလုံး အိုကေ သွားပါပြီခင်ဗျာ ၊ အဆင်ပြေကျမယ်လို့ ထင်ပါတယ်... 

0 ဦးမှတ်ချက်ရေးခဲ့သည်:

Post a Comment

သင်ရေးလိုက်တဲ့ စာတစ်ကြောင်းဟာ စာရေးသူအတွက်အားဆေးပါ