07 June, 2012

မြန်မာနိုင်ငံတွင် ၁၀၀၀၀(တစ်သောင်း)ကျပ်တန်ပိုက်ဆံထွက်ရှိ

 
မျက်နှာဘက်
ကျောဘက်
 
 မြန်မာနိုင်ငံတော်ဗဟိုဘဏ်

နေပြည်တော်
ရက်စွဲ၊ ၂၀၁၂ ခုနှစ်၊ ဇွန်လ ၇ ရက်

သတင်းကြေညာချက်

မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တစ်သောင်းကျပ်တန် ငွေစက္ကူ အမျိုးအစားသစ်ကို ၂၀၁၂ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့တွင် စတင် ထုတ်ဝေပါမည်။ ငွေစက္ကူကို ပြည်သူများအား ဘဏ်ဖွင့်ချိန်အတွင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ငွေကြေးဌာနတွင် လည်းကောင်း၊ ဘဏ်များနှင့် အစိုးရ ငွေတိုက်များတွင် လည်းကောင်း ထုတ်ပေးပါမည်။

လက်ရှိ တရားဝင် လှည့်လည် သုံးစွဲလျှက် ရှိသော ငွေစက္ကူများနှင့် ငွေအကြွေများသည်လည်း တရားဝင် သုံးစွဲငွေ အဖြစ် ဆက်လက် တည်ရှိနေမည် ဖြစ်ပါသည်။



ငွေ စက္ကူ အသစ်နှင့် ပတ်သတ်သည့် အချက်အလက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
 
 
 
တစ်သောင်းကျပ်တန် ငွေစက္ကူ


အရွယ်အစား ။ ။ ၁၅×၇ စင်တီမီတာ



ပေါ်လွင်သောအရောင် ။ ။ အပြာရောင်



မျက်နှာစာဘက် ။ ။ ထိပ်ပိုင်းတွင် “မြန်မာနိုင်ငံတော် ဗဟိုဘဏ်” စာတမ်း ရိုက်နှိပ်ထားပါသည်။ အလယ်ပိုင်းတွင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် မြေပုံ၊ ၄င်းကို ၀န်းရံထားသော သပြေခတ် နှစ်ခက်၊ မျက်နှာချင်းဆိုင် တည်ရှိနေသည့် မြန်မာ့ အနုပညာ လက်ရာ မြောက် ဆင်ဖြူတော် နှစ်စီးနှင့် ထိပ်တွင် ကြာဖြူတစ်ပွင့် ရိုက်နှိပ် ထားပါသည်။ ငွေစက္ကူ တန်ဖိုးကို ဖော်ပြထားသည့် မြန်မာ စာတန်း “တစ်သောင်းကျပ်” ကိုလည်း ရိုက်နှိပ်ထားပါသည်။ လက်ယာ ဘက်ပိုင်းတွင် မြန်မာ့ အနုပညာ လက်ရာမြောက် ကနုတ်ပန်းခတ် များကို ရိုက်နှိပ် ထားပါသည်။ ထောင့်သုံးထောင့် တွင် ငွေစက္ကူ တန်ဖိုးကို ဂဏန်း များဖြင့် ရိုက်နှိပ်ထားပါသည်။ ငွေစက္ကူ တန်ဖိုးကို မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ရိုက်နှိပ် ထားပါသည်။ လက်ဝဲဘက်ပိုင်းတွင် ကြာဖြူ ပွင့်ပုံ ရေစာ ပါရှိ ပါသည်။ ငွေစက္ကူတွင် လုံခြုံရေး ကြိုးတစ်ချောင်းကို ဒေါင်လိုက် ထည့်သွင်းထားပါသည်။



ကျောဘက် ။ ။ ထပ်ပိုင်းတွင် "CENTRAL BANK OF MYANMAR" စာတန်းကို ရိုက်နှိပ်ထားပြီး ၄င်းစာတန်း၏ အောက်တွင် "TEN THOUSAND KYATS" ဟူသော စာတန်း ပါရှိပါသည်။ အလယ်ပိုင်းတွင် ရတနာပုံ မန္တလေးနန်းတော်၏ မြို့ရိုးနှင့် ကျုံးပုံကို ရိုက်နှိပ် ထားပါသည်။ ဘေးဘောင်များတွင် မြန်မာ့ အနုပညာ လက်ရာမြောက် ကနုတ်ပန်းခက်များကို ရိုက်နှိပ် ထားပါသည်။ ထောင့်သုံးထောင့်တွင် ငွေစက္ကူ၏ တန်ဖိုးကို ဂဏန်းများဖြင့် ရိုက်နှိပ်ထားပါသည်။



(မူရင်းလင့်ခ် - http://www.ministryofinformation.gov.mm/index.php?option=com_conten... )

(ကဲ ကဲ တစ်သောင်းကျပ်ထွက်လာပါပြီ။ ခြင်္သေ့ မပါတော့၍ ကျေးဇူးတင်ပါသည်။ ကျက်သရေရှိတယ့် နန်းတော်နှင့် မင်္ဂလာရှိတယ့် ကြာဖြူ နှင့် ဆင်ဖြူကို ထည့်ပေးထားခြင်းအတွက်လည်း ကျေးဇူးတင်ပါသည်။ သို့ရာတွင် မြန်မာ့ ငွေကြေး ဖောင်းပွမှု အတွက်တော့ စိုးရိမ်မိပါသေးသည်။ ။)

လေးစားစွာဖြင့်

0 ဦးမှတ်ချက်ရေးခဲ့သည်:

Post a Comment

သင်ရေးလိုက်တဲ့ စာတစ်ကြောင်းဟာ စာရေးသူအတွက်အားဆေးပါ