08 June, 2012

Facebookက Mail တွေ ခဏခဏ မ၀င်ချင်ဘူးလား

facebook က မေးလ်တွေ ခဏခဏဝင်လာလို့ အနှောက်အယှက်ဖြစ်နေတဲ့ မိတ်ဆွေတွေအတွက်ပါ။ မိတ်ဆွေတော်တော်များများက သိထားပြီးသာဖြစ်မယ်ထင်ပါတယ်။ ဒီကိစ္စကို ခဏခဏမေးကြလို့ပါ ကျနော် ဒီနေ့ Doc နဲ့ တင်ပေးလိုက်ပါတယ်။ ပြန်ရှာလို့ လည်းအဆင်ပြေအောင်ပါ။
facebook က မေးလ်တွေ တစ်ခုမှ ကိုယ့်မေးထဲရောက်မလာအောင်လုပ်ထားလို့ ရသလို ။ ကိုယ်သိသင့်တယ်ထင်တဲ့ အရေးကြီးမယ်ထင်တဲ့ မေးလ်တွေကိုပဲ ကိုယ့်မေးထဲဝင်လာအောင်လည်း လုပ်လို့ ရပါတယ်။

လုပ်နည်းက အရမ်းလွယ်ပါတယ်။
 facebook ရဲ့ ညာဘတ် အပေါ်မှာ Home ,  Profile , Account ဆိုလေးတွေထဲက Account က မြှားလေးကို နှိပ်လိုက်ရင်
    • Edit Friends
    • Manage Pages
    • Account Settings
    • Privacy Settings
    • Help Center ဆိုပြီးရှိပါတယ်။ အဲ့ဒီထဲက Account Settings ဆိုတာကို ရွေးပါ။
Account Settings က Notifications ဆိုတဲ tab ကို သွားပါ။
အဲ့ဒီမှာ အောက်မှာ ရေးပြထားတဲ့အတိုင်း ကဏ္ဍတွေခွဲထားပါတယ်။ ကဏ္ဍအလိုက်မှာ ကိုယ်မလိုချင်တဲ့ မေးလ်းတွေကို အမှတ်ဖြုတ်ပစ်လိုက်ပါ။
  • Facebook
  • Photos
  • Groups
  • Pages
  • Events
  • Notes
  • Links
  • Video
  • Help Center
  • Wall Comments
  • Places
  • Other updates from Facebook
  • Credits
  • Other Apps ဆိုပြီး ခွဲပေးထားပါတယ်။
ဥပမာ - Groups ထဲကမေးလ်တွေကို မလိုချင်လို့ ဖြုတ်ချင်ရင် Groups ကိုသွားပြီး ဖြုတ်ပစ်လိုက်ပါ။ facebook ပေါ်က မေးလ်တွေ တစ်ခုမှ မလိုချင်ရင် တော့ အမှတ်တွေ အကုန်သာဖြုတ်ပစ်လိုက်ဗျား) ကိုယ့်စိတ်တိုင်းကျ အမှတ်တွေ ဖြုတ်ပြီးသွားရင်တော့ ထုံးစံအတိုင်း Save Change လုပ်လိုက်ပါ။ အဆင်ပြေသွားပါလိမ့်မယ်။

IT network
--

 

0 ဦးမှတ်ချက်ရေးခဲ့သည်:

Post a Comment

သင်ရေးလိုက်တဲ့ စာတစ်ကြောင်းဟာ စာရေးသူအတွက်အားဆေးပါ