ဒါကတော့ Website တွေကို ဘယ်လို hack လဲ ဆိုတာကို သဘောတရားလောက် ရှင်းပြထားပါတယ်။ ဒီစာအုပ်လေးလဲ တင်ပေးပါဦးလို့ ပြောလို့ ထပ်တင်ပေးလိုက်ပါတယ်။ ယခုကတည်းက ပြောပါမည်။ စမ်းသပ်ချင်လျှင် ကွန်ပျူတာ တစ်လုံး သီးသန့်ထားပြီး စမ်းသပ်ပါ။ အောင်မြင်တာ မအောင်မြင်တာက တစ်ကြောင်းပေါ့ ဒါက ကိုလုပ်တဲ့၊ ကြိုးစားတဲ့အပေါ်မှာ မူတည်ပါတယ်။ ကွန်ပျူတာ တစ်လုံးထားခိုင်းတာက ကိုယ်တိုင်ရေးတဲ့ hacking & cracking tools တွေ မဟုတ်တဲ့အတွက်ကြောင့် တစ်စုံတစ်ရာ မှားယွင်းမှု့တွေ ဖြစ်လာနိုင်စရာ ရှိပါတယ်။ အဲ့အတွက်ကြောင့် မိမိအင်တာနက် မသုံးတဲ့ တစ်ခြားကွန်ပျူတာတစ်လုံးကနေ စမ်းလိုက်ကြပေါ့။ မဟုတ်ရင်တော့ gmail, hotmail, yahoo mail, bank account and personal data စတာတွေ ပါသွားနိုင်ပါတယ်။ ကျွန်တော်ကတော့ လုပ်ပါလို့ မတိုက်တွန်းသလို မလုပ်ပါနဲ့လို့လဲ မတားမြစ်ပါဘူး။ ကိုဝါသနာပါရာ ၀ါသနာပါရာပေါ့။ ကဲတင်ပေးလိုက်ပါပြီဗျာ။ တကယ်ကြိုးစားတဲ့သူများဆိုရင် တစ်ဆင့်ချင်းဆီကနေ သဘောပေါက် နားလည်တဲ့ အဆင့်အထိ ရောက်သွားပါလိမ့်မယ်. နောက်ပြီး တစ်ချို့ မိမိသုံးတဲ့ gmail အကောင့်ကို ၀င်မရလို့ phone activate တောင်းခဲ့ရင် တွေ့ကရာလူကို သွားပြီးတော့ အကူအညီတောင်း ကြပါတယ်။ အဲ့လိုမလုပ်ကြပါနဲ့။ အရမ်းရင်းနှီးတဲ့သူ ယုံကြည်တဲ့သူကိုမှ အကူအညီတောင်းပါ ဘာလို့လဲဆိုရင် အဲ့ထည့်ပေးလိုက်တဲ့ ဖုန်းပိုင်ရှင်ဟာ သူ့ဖုန်းနဲ့ဖြစ်တဲ့အတွက် သူထည့်ထားပေးတဲ့ gmail account ကို အချိန်မရွေး(phone number မပြောင်းသရွေ့) ပြန်ယူသွားနိုင်ပါတယ်။ ကဲ အသေးစိတ်ကတော့ နောက်မှ ပြောပြပါတော့မယ်။ စာအုပ်ကို လိုချင်သူများ အောက်မှာ Download လုပ်ယူလိုက်ကြပါ။ ifile | mediafire | minus |
ဒါကတော့ Website Design သမားများအတွက် အဖော်မွန်ဆိုလည်း မမှားပါဘူး။ Web design အတွက် လမ်းညွှန်ပြထားတဲ့ စာအုပ်လေးတစ်အုပ်ပါ။ ၀ဘ်ဆိုက်လုပ် ချင်တဲ့သူများ၊ ၀ဘ်ဆိုက်ကို ကိုယ်တိုင် ဖန်တီးချင်သူများ၊ ၀ဘ်ဆိုက်သဘောတရား ကိုနားလည်ချင်သူများကတော့ ဒီစာအုပ်ကို ဖတ်ပေးပါ။ ကျွန်တော်တို့ တုန်းက ဆိုရင် စမ်းတ၀ါးဝါးနဲ့ လမ်းလျှောက်ခဲ့ရတာပါ။ အခုကတော့ ရှေ့ကလူတွေ တူးထားပြီးသားတွင်းအတိုင်း လိုက်ယုံပါပဲ။ ကိုစွမ်းရင်တော့ နောက်ထပ်လူတွေ များများ ၀င်လို့ရအောင် ရှေ့ကလူထွင်ခဲ့တဲ့ အပေါက်ကို နည်းနည်း ချဲ့ပေး လိုက်ပေါ့။ ဒါဆိုရင် နောက်လူတွေလဲ လာရတာ ချောင်သွားတာပေါ့။ ဒါပေမယ့် အလကားရတယ်ဆိုပြီးတော့တော့ တန်ဖိုးမထား လုပ်လိုက်ရင် နောက်ကောက်ကျ သွားမှာပါပဲ။ အလကားပေးတာရဲ့ နောက်မှာ နာသုံးနာ ရှိပါတယ်။ စေတနာ၊ ဂရုဏာ၊ အနစ်နာ ဒီနာသုံးနာကို ဂရုမစိုက်ဘဲ ဥပက္ကာပြုလိုက်ရင်တော့ မတတ်ယုံပဲ ရှိမှာပါ။ ပေးတဲ့သူဖက်ကတော့ တစ်ပြားတစ်ချပ်မှ မလျှော့သွားပါဘူး။ အားလုံးရဲ့ ရည်ရွယ်ချက်ကတော့ တစ်ခုတည်းပါပဲ။ မြန်မာလူငယ်တွေ အားလုံးနီးပါး နည်းပညာကို လက်လမ်းမီသလောက် လိုက်နိုင်ဖို့နဲ့ သူများနိုင်ငံကို သွားလုပ်ရင်တောင် အလုပ်ကြမ်းပဲရမှာပါ (ဥပမာ-ထိုင်း) ကဲလိုချင်တဲ့သူများ အောက်မှာ Download လုပ်လိုက်ပါ။ Ifile | Mediafire | Minus |
အဓိကထားပြောချင်တာကတော့ ဒီဇိုင်နာတစ်ယောက် ဖြစ်ချင်သူဟာ photoshop တစ်ခုတည်းကို လက်ကိုင်ထားထားလို့မရပါဘူး။ တစ်ခြား photoshop ကနေ ခဏတာနဲ့ဖန်တီးလိုမရတဲ့ အရာတွေကို အခြား လွယ်ကူအောင် ဖန်တီးရယူနိုင်တဲ့ program တွေနဲ့ ပေါင်းစပ် ဖန်တီးရယူ ရပါတယ်။ အဲ့တော့ adobe Illustrator လို program မျိုးကလည်း adobe က ထုတ်တဲ့အတွက် ပေါင်းစပ်ပြီး လို့ရပါတယ်။ ဒီစာအုပ်ထဲမှာကတော့ Illustrator ရဲ့ အဓိက အချက်တွေကို ထောက်ပြ ပြောပြ ရှင်းပြထားပါတယ်။ အတော်လေးလည်း ကောင်းပါတယ်. အဲ့တော့ တစ်ခုပြောပါရစေ အခုလိုမျိုး စာအုပ်တွေကို scan ဖတ်စာစီ ပြီးတော့မှ သေးငယ်ပြီး မ၀ါးတဲ့ pdf စာအုပ်တစ်အုပ်လုပ်ရတာ မချောင်ပါဘူး။ အဲ့လို အပင်ပန်းခံပြီးလုပ်ပေးနေတာ အပျော်သက်သက် လုပ်နေတာ မဟုတ်ကြပါဘူး။ အားလုံးရဲ့ ကိုယ်စီမှာ မ၀ယ်နိုင်တဲ့သူများ၊ ၀ယ်ချင်ရက်နဲ့ စာအုပ်ရှာမရသူများ၊ အဝေးတစ်နေရာ(နိုင်ငံရပ်ခြား)ရောက်နေသူများ၊ ၀ယ်ယူဖို့ခက်ခဲနေသူများအတွက် အပင်ပန်းခံပြီး ဒါတွေကို လုပ်ထားကြတာပါ။ ဒါပေမယ့် အားလုံးရဲ့ ရည်မှန်းချက်ကတော့ တစ်ခုတည်းပါပဲ။ မြန်မာလူငယ်များအားလဲး Ifile.it | Mediafire | Minus |
Photoshop အကြောင်းနှင့် အချို့စာအုပ်များတွင် မပါသည်များကိုပါ ပေါင်းစပ် ထည့်သွင်းပြီး ရေးသားထားသည့် စာအုပ်တစ်အုပ်ဖြစ်ပါတယ်. ဓါတ်ပုံလေး ပြင်တတ်ယုံနဲ့တော့ Desinger တစ်ယောက်ဖြစ်လာမှာ မဟုတ်ပါဘူး။ ရိုးရိုး user lavel အဆင့်အနေနဲ့ပဲ ဖြစ်နေမှာပါ။ ကိုယ့်ကိုယ်ကို professional user တစ်ယောက်ဖြစ်ချင်ရင်တော့ အခုလို စာအုပ်မျိုးကို မဖြစ်မနေ ဖတ်ထားသင့်ပါတယ်. Photoshop ကို ပြင်တဲ့နေရာမှာ ရင်ဘတ်ထဲက ခံစားချက်နဲ့ အရောင်ကို လိုက်ဖက်တဲ့ သီးခြားအရောင်နဲ့ ပေါင်းစပ်မှု့တွေ၊ အလင်းပေးမှု့တွေ၊ ဖြာထွက်ပုံအနေအထား၊ စတာတွေကို ဦးနှောက်ထဲမှာ အရင်စီ ပြီးတော့မှ ဒီဇိုင်းစဆွဲပါ ကောင်းမွန်တဲ့ ဒီဇိုင်းတစ်ခု ထွက်လာပါလိမ့်မယ်။ အဲ့တော့ အရေးအကြီးဆုံးကတော့ အနုပညာအခံရှိဖို့လိုပါတယ်. Photoshop ဆိုတာ ပြုပြင်တဲ့သူရဲ့ လက်ထဲကနေပဲ ထွက်လာတဲ့ ပုံစံဒီဇိုင်းချင်း၊ လှပမှု့ချင်း ကွဲပြားသွားတာပါ။ ဒါဟာ ပြုလုပ်တဲ့ user တွေရဲ့ လက်ထဲမှာပဲရှိပါတယ်။ ဒီစာအုပ်ကတော့ photoshop ကိုမှ တကယ်စိတ်ဝင်စားပါတယ်ဆိုတဲ့သူများ မဖြစ်မနေ ဖတ်လိုက်ရမှာ ဖြစ်ပါတယ်။ Download ifile | Mediafiree | Minus |
Wordpress ဖြင့် ၀ဘ်ဆိုက်တစ်ခု ဘယ်လို တည်ဆောက်ရမယ် ဆိုတာကို ရှင်းပြထားတဲ့ စာအုပ်ကလေးပါ. ကျွန်တော်တို့ တွေ ဟိုးအရင်တုန်းက စာအုပ်ကလေးများကို အမှတ်တရ အနေနဲ့ ပြန်တင်ပေးလိုက်ပါတယ်။ တစ်ချို့ စာအုပ်ကလေးတွေက နည်းပညာလောက ထဲကို ၀င်ရောက်လာဖို့ တွန်းအားပေးခဲ့တဲ့ စာအုပ်လေးတွေ ရှိပါတယ်။ အဲ့စာအုပ်လေးတွေကို ဖတ်စေချင် ပါတယ်။ လေ့လာစေချင်ပါတယ်။ မူရင်းပုံစံအတိုင်းပဲ တင်ပေးလိုက် ပါတယ်။ တစ်ချို့အမှတ်တရ စာအုပ်ကလေးတွေကိုပါ မူရင်းအတိုင်း တင်ပေးမှာ ဖြစ်ပါတယ်. Download လုပ်ဖို့သာ အားတင်းထားပါ။ ရှိသမျှ စာအုပ်အကုန်လုံးကို တင်ပေးထားမှာပါ။ တစ်ကနေ ပြန်စတာပေါ့။ တစ်ချို့ Download link တွေက သေကုန်ကြလို့ ဘယ်စာအုပ်က သေတယ်ဆိုတာ လိုက်မစစ်နိုင်တော့လို့ အသစ်ပြန်တင်ပေးလိုက်ပါတယ်။ Download ifile.it | Mediafire | Minus |
ကွန်ပျူတာတစ်လုံးအား ကိုယ်ပိုင်တည်ဆောက်ခြင်း ကဲ ဒီနေ့တော့ ကျွန်တော် ကွန်ပျူတာ နည်းပညာနဲ့ ပတ်သက်တဲ့ စာအုပ်တွေ အားလုံးကို လင့်သေနေတဲ့ စာအုပ်တွေရှိနေလို အားလုံးကို ပြန်ပြီးတော့ မစစ်နိုင်တော့တဲ့အတွက်ကြောင့်မို့ အားလုံးကို အသစ်ကနေ စပြီးတော့ တင်ပေးမှာဖြစ်ပါတယ်။ အခုတင်ပေးလိုက်တဲ့ စာအုပ်ကတော့ ကွန်ပျူတာတစ်လုံးကို မိမိကိုယ်တိုင် ဘယ်လို တပ်ဆင်ရောင်းချမယ်၊ ကွန်ပျူတာတစ်လုံးကို ဘယ်လို တည်ဆောက်မယ် ဆိုတာတွေကို စဉ်းစားဆုံးဖြတ်နိုင်ဖို့အတွက် အထောက်အကူပြုနိုင်ပါတယ်ယ်။ ကွန်ပျူတာဆိုတာ တွေ့ကရာ motherboard ကိုဝယ် တွေ့ကရာ Ram and CPU တွေကို တတ်လို့မရပါဘူး။ ကိုက်ညီတဲ့ motherboard အဲ့ motherboard က support လုပ်တဲ့ cpu chipset တွေနဲ့ အဲ့ Ram ကို ဘယ်လို ရွေးချယ်ရမယ်ဆိုတာကို အဲ့အထဲမှာ စာဖတ်ပရိတ်သတ်များ မသိသေးသည့်၊ မဖတ်ရသေးသည့် အကြောင်းအရာများစွာ ပါဝင်ပါသည်။ တင်ပေးသည့် စာအုပ်များတွင် ရှိပြီးသားစာအုပ်များကို ချန်ခဲ့ပြီး မိမိတွင် မရှိသည့် စာအုပ်ကို Download လုပ်လိုက်ပါ။ အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။ (ရှိသမျှ မြန်မာနည်းပညာစာအုပ်များအားလုံးကို ပြန်တင်ပေးပါမည်) |
0 ဦးမှတ်ချက်ရေးခဲ့သည်:
Post a Comment
သင်ရေးလိုက်တဲ့ စာတစ်ကြောင်းဟာ စာရေးသူအတွက်အားဆေးပါ