03 June, 2012

Screen Record လုပ်နည်း ( Image , Video )

Screen Record လုပ်တယ်ဆိုတာက ဘာမှတော့ မခက်ပါဘူး။
ဒါပေမဲ့ မသိသေးသူတွေအတွက်ပါ။ အရင်ကလည်းတစ်ခါတင်ပေးဖူးပါတယ် အခုကတော့ Video ပါ ပါလာတာတေပေါ့
အလွယ်ဆုံးနည်းနဲ့ လုပ်ကြည့်မယ်နော်။
Screen Record လုပ်တဲ့နေရာမှာ ဓာတ်ပုံ (e.g .jpg,.bmp,.gif,.....) စသဖြင့်ပေါ့။
အဲ့ဒီ .jpg ဆိုတာတွေက ဓာတ်ပုံ Type တွေဖြစ်ပါတယ်။
ဗီဒီယို (e.g .Mp4,.AVI, .FLV) စသဖြင့်ပေါ့နော်။
ဒါတွေလည်း ဗီဒီယို Type တွေပါ။
အရည်အသွေး၊ File Size စတာတွေကြောင့် ကွာသွားတာပါ။


Screen Record with image types

Photo အနေနဲ့ Screen Record လုပ်တော့မယ်ဆိုရင်တော့
ပထမဆုံး ကိုယ် Record လုပ်မယ့် ဖိုင်ကို open လုပ်ထားရမယ်။
ပြီးတော့ Keyboard မှာပါတဲ့ {Backspace ဘေး> Insert ရဲ့ အပေါ်မှာရှိတဲ့ Print/Screen sys Rq ဆိုတဲ့ key လေးကို နှိပ်လိုက်ပါ။}
ပြီးရင် Start>All programs> Accessories> Paint (သို့မဟုတ်) Window Keys + Run နှပ်ပြီးတော့Run Box ထဲမှာ mspaint လို့ ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ။
ဒါဆို Paint ဆိုတဲ့ Program ပေါ်လာပါလိမ့်မယ်။
အဲ့ဒါပေါ်လာရင် အဲ့ထဲကို Mouse left click> Paste ပေးလိုက်ပါ။
ပြီးရင် File> Save as ကနေ သိမ်းလိုက်ပါ။
မလိုတဲ့နေရာတွေဖြတ်ချင်ရင်တော့ Paint ထဲမှာ Crop ဆိုတဲ့ tools လေးနဲ့ ဖြတ်နိုင်ပါတယ်။

Screen Record with Video types

ဗီဒီယိုအနေနဲ့  Record လုပ်မယ်ဆိုရင်တော့ Sample နည်းနဲ့တော့ မရနိုင်ပါဘူး။
သူ့အတွက် Software တစ်ခုကို သုံးရပါမယ်။
Software တွေထဲကမှ Camstudio Software ကတော့ သုံးရတာလွယ်ပြီး စုံမယ်ထင်တယ်ဗျ။
ပြီးတော့ ဒီ Software မှာ Tutorial Video File လေးပါတယ်ဗျ။
တစ်ခေါက်လောက်ကြည့်လိုက်တာနဲ့ တော်တော် သုံးတတ်သွားလောက်တယ်။
Software လိုချင်သူတွေ အောက်မှာ ဒေါင်းနိုင်တယ်ဗျ။


0 ဦးမှတ်ချက်ရေးခဲ့သည်:

Post a Comment

သင်ရေးလိုက်တဲ့ စာတစ်ကြောင်းဟာ စာရေးသူအတွက်အားဆေးပါ